Local News

ဩဂုတ်လတတိယပတ်မန္တလေးကုန်စည်ဒိုင် ပဲဈေးကွက် အရောင်းသွက်၊ဈေးမြင့်လာသော်လည်း သယ်ယူစရိတ်မြင့်တက်မှုကြောင့် အကျိုးအမြတ်နည်း

Last Updated:

ဩဂုတ်လတတိယပတ်မန္တလေးကုန်စည်ဒိုင် ပဲဈေးကွက် အရောင်းသွက်၊ဈေးမြင့်လာသော်လည်း သယ်ယူစရိတ်မြင့်တက်မှုကြောင့် အကျိုးအမြတ်နည်း

ဩဂုတ်လတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ကုလားပဲမှာစျေးကောင်းရနေသည်။ကုလားပဲအသစ်များ ဝင်ရောက်မှု မရှိပဲလက်ကျန်နည်းလာပြီးပြည်တွင်းပဲခွဲစက်သမားများနှင့်လှောင်လက်သမားများဝယ်လိုအားကောင်းနေခြင်း တို့ကြောင့်ကုလားပဲစျေးမြင့်တက်လာကြောင်း၊ပဲတီစိမ်းနှင့်မတ်ပဲမှာပြည်ပဈေးကွက်ဝယ်လိုအားရှိနေ၍ အရောင်းအဝယ်သွက်ကြောင်း၊ပဲဈေးများမြင့်လာသော်လည်းသယ်ယူပို့ဆောင်စရိတ်ပါမြင့်တက်နေသောကြောင့် ကုန်သည်၊ လုပ်ငန်းရှင်များအကျိုးအမြတ်နည်းကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး (V-2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၉၈၀၀၀ မှ ၂၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၈၀၀၀၀ ၊ယခင်လ ကျပ် ၁၅၄၀၀၀ မှ ၁၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၄၄၀၀၀ မှ ၄၅၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး (V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၁၀၀၀၀ မှ၊ ယခင်တစ်ပတ် ကျပ် ၁၈၁၀၀၀ မှ ၁၈၂၀၀၀ ၊ယခင်လ ကျပ် ၁၅၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၈၀၀၀ မှ ၂၉၀၀၀၊ ယခင်လထက် ကျပ်  ၅၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၇၇၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၁၆၀၀၀၀ မှ ၁၆၂၀၀၀ ၊ယခင်လ ကျပ် ၁၃၉၀၀၀ မှ ၁၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၁၇၀၀၀၊ ယခင်လထက် ကျပ်  ၃၇၀၀၀ မှ ၃၈၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၈၄၀၀၀ မှ ၁၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၆၇၀၀၀ မှ ၁၆၈၀၀၀ ၊ယခင်လ ကျပ် ၁၄၇၀၀၀ မှ ၁၄၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၇၀၀၀  ၊ ယခင်လထက် ကျပ်  ၃၇၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း မှာ အသစ်ဝင်ရောက်မှုမရှိပဲလက်ကျန်ပဲများသာရောင်းဝယ်လျှက်ရှိပြီး တရုတ်မှဝယ်လိုအားကောင်း နေသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၁၃၀၀၀၀ မှ ၁၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၂၈၀၀၀မှ ၁၄၈၀၀၀၊ ယခင်လ ကျပ် ၁၂၅၀၀၀မှ ၁၄၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ ဈေးမြင့်တက်ပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ကို အန္ဒိယမှဝယ်လိုအားကောင်းနေ၍ ဈေးမြင့်တက်လာသည်။

မတ်ပဲ(ရိုးရိုး) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၈၅၀၀၀မှ ၁၉၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၇၈၀၀၀မှ ၁၈၅၀၀၀၊ ယခင်လ ကျပ် ၁၅၀၀၀၀ မှ ၁၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၇၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက်ကျပ် ၃၅၀၀၀မှ ၄၀၀၀၀ မြင့်တက်လာသည်။

မတ်ပဲ(ရေသွင်း) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၇၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၇၀၀၀၀ ၊ ယခင်လ ကျပ် ၁၅၀၀၀၀ မှ ၁၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀မှ ၃၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

 

 

 

 

 

 

 

Category: Local News